miracle ဖန်ကွဲစလေးများ အကြောင်း (အက်ကွဲရခြင်းများ )
စာရွက်အလွတ်ကလေး တစ်ရွက်ကို သော့ခ
တ်သိမ်းထားတဲ့ မှန်ဗီဒိုအလွတ်တစ်လုံး ရှိ
ခဲ့တယ်။ ဗီဒိုဟာ သော့ခတ်ထားတဲ့ စာရွက်
အလွတ်တစ်ရွက်အပြင် အစိမ်းရောင် ဖြစ်
တည်မှုမျိုးနဲ့ သီးသန့်ဆန်ဆန်ရှိနေတယ်။
သော့ခတ်ထားတဲ့ စာရွက်အလွတ်ထဲမှာ
သော့ခတ်သိမ်းဆည်းထားတယ် ထင်ရတဲ့
လူနှစ်ယောက်ရှိ နေပါတယ်။စာရွက်အလွတ်ရဲ့ သော့ခတ်ထားတဲ့ ခွဲကြောင်းချုပ်ရိုးရာ
တစ်လျှောက်မှာ နှစ်ယောက်ကိုခွဲခြားထားတဲ့ ဖြစ်တည်မှုဆိုင်ရာ အက်ကွဲကြောင်းလေး ပေါ်ထွန်းနေတတ်တယ်။စာရွက်အလွတ်တစ်ရွ
က်ရဲ့ အထဲက စာရွက်သားတွေမှာ ကမ္ဘာ
္ဘနှစ်ခုခြားနေတယ်လို့ စဉ်းစားဖူးကြလား။ တစ်ဦးက အမှောင်ထဲမှာနေပြီး တစ်ဦးကအ
လင်း ထဲမှာနေမယ် ။ တစ်ဦးက အပြာရောင်
ကောင်းကင်အောက်မှာ လင်းလက်လို့ တစ်ဦးက ခရမ်းရောင် ကောင်းကင်အောက် မှော်ဆန်စွာ အထီးကျန် နေကြမယ်။နံရံကပ်
သစ်သားပြားလေး ခြားထားသလိုမျိုး မတူ ကွဲ
ပြားတဲ့ကမ္ဘာတစ်ခုဆီက လူတွေဟာ တစ်ဦး အသံတစ်ဦး ကြားရမယ်။ စိတ်ကျရောဂါချင်း
ဖလှယ်ကြ လူတစ်ယောက် ဟာ နောက်တစ်
ယောက်အတွက် miracle ဖြစ်မှန်းသေချာနေ
ခဲ့ပြီး ။အဲ့ဒီ ချုပ်ရိုးသော့ခလောက်ရာလေး ထိရှ ဆုတ်ပြဲသွားတဲ့အခါ သူတို့နှစ်ယောက်စ
လုံးရဲ့ စကြာဝဠာဆိုင်ရာ ဖြစ်တည်မှုတွေ ဟာ အဆုံးသတ်သွားပါလိမ့်မယ်
ကျနော့်ရဲ့ miracle လေးကို
စာရွက်လွတ်တွေ အကြောင်းပြောပြခဲ့တုံးက
"ကြံကြံဖန်ဖန် မဖြစ်နိုင်တဲ့ ဖြစ်တည်မှုတွေ
ပါ "တဲ့
နှစ်တွေ အများကြီး ကြာသွားပြီးနောက်
ကျနော်တို့တွေဟာ ကောင်းကင်ချင်းခြားသွား
ခဲ့ကြပါ တယ်
တစ်ချိန်မှာ
သူသာ ကျနော့် ဂြိုလ်ကလေးဆီ
ပြန်လာနိုင်ခဲ့ရင်
"လှလှပပ ထိရှ လွဲချော် အက်ကွဲ သွားတဲ့
miracle ဖန်ကွဲစတွေဟာ တကယ်ရှိကြောင်း
" ကျနော် တခုတ်တရ ရှင်းပြချင်ပါသေးတယ်
ဒိုဒို
21.12.2017

Comments
Post a Comment