Mother
အဲ့ဒီညက မာကာ အိပ်မက်မက်တယ်။ မာကာဟာ ပြောင်းဖူးပေါက်ပေါက်ကြိုက်တယ်။
စနေနေ့မှာ နွားနို့သောက်ရတာ ကြိုက်ယ်။
စနေနေ့ညရဲ့ အိပ်မက်တစ်ခုထဲမှာ မာကာ အိပ်ပျော်နေခဲ့တယ်။
လောလောလတ်လတ် ဝတ်ထားတဲ့ညဝတ်အကျီင်္နဲ့ပဲ အိပ်မက်
ထဲမှာ မာကာ အိပ်ပျော်နေခဲ့တာ။ မာကာ အိပ်နေလိုက်တာမှ ထာဝရအိပ်မောကျနေ
တဲ့ ပုံပြင်ထဲက မင်းသမီးကလေးလိုပဲ။ မာကာရဲ့ ဆံပင်ရှည်တွေဟာ အောက်ဘက်ကို
တွဲလောင်းကျနေတယ်။ ဆံပင်ရှည်တစ်ချို့ဆို ကြမ်းပြင်မှာ ပျံ ကြဲလုနီးပါးပဲ။
မာကာအိပ်နေတဲ့ ခုတင်ဘေးမှာ ပြတင်းပေါက်တစ်ခုရှိတယ်။ ပြတင်းပေါက်ဟာ လေကြောင့်ထင်
ရဲ့ အနည်းငယ်ဟသွားတယ်။ ရှည်လျားပြီး
ရွတ်တွနေတဲ့ လက်ချောင်းတွေ ပြတင်းပေါ
က် ဘောင်ပေါ်မှာ တရွေ့ရွေ့တွားသွားနေ
တော့တယ်။ ရွတ်တွနေတဲ့ လက်ချောင်းတွေ
ရဲ့ ပိုင်ရှင်က ခါးကုန်းကုန်းအဘွားအို တစ်
ယောက်ပဲ။ဒါကို မာကာ ဘာကြောင့်သိနေခဲ့
တာလဲ။ အိပ်မက်ထဲက မာကာဟာ အိပ်မော
ကျနေပေမယ့် တခြားမာကာတစ်ယောက်က
နိုးလို့နေသေးတယ်။ သူဟာ စိတ်ဝိညာဉ် လို
ပဲ မာကာကိုတစ်လှည့် အဘွားအိုကို တစ်
လှည့်ကြည့်ရင်း စိုးရိမ်ပူပန်နေတယ်။မာကာ
နောက်တစ်ယောက် အထင်မှန်သွားတယ်။
အဘွားအိုဟာ ကုတင်နားကို တရွေ့ရွေ့ရော
က် လာတယ်။ အဘွားအိုဟာကုတင်ဘေးက ထိုင်ခုံလေးပေါ်မှာ ထိုင်လို့် မာကာရဲ့ဆံနွယ်
တွေကို လှမ်းယူလိုက်တယ်။ လက်ပေါ်ရော
က် သွားတဲ့ ဆံပင်တွေကို အဘွားအိုဟာ လျာနဲ့ လျက်နေတယ်။ အရာအားလုံး ကို
မြင်နေရတဲ့ တခြားမာကာဟာ အမှောင်ထု
မှာ တိတ်တိတ်လေးရပ်လို့ အချင်းအရာကို
ရပ်ကြည့်နေတယ်။ အဘွားအိုက အနောက်
ဘက်ကို လှည့်ပြီးတခြားမာကာကို ပြုံးပြတ
ယ်။တခြားမာကာလည်း အဘွားအိုဟာ သူ့
ကိုမြင်နေရတာဖြစ်လို့ အံ့သြသွားတယ်။ အ
ဘွားအိုဟာ သူရဲ့လျက်ခြင်းအမှုကို ဆက်လု
ပ်တယ်။ တခြားမာကာရဲ့ မျက်လုံးအိမ်မှာ
ဆံပင်တွေကြားက သွေးကြောတွေကို မြင်
ယောင်လာတယ်။ ဆံနွယ်တစ်ခုချင်းစီ အောက်က ဆံချည်မျှင်သွေးကြောတွေ ဟာ
ဆံနွယ်တစ်ခုချင်းစီ မှာ တစ်ချောင်းခြင်း အ
ဘွားအိုလျက်နေတာတွေဟာ ဆံပင်တွေမ
ဟုတ်ပဲ ဆံချည်မျှင်သွေးကြောတွေပဲ။ အဘွားအိုဟာ ဆံနွယ်တစ်ချို့ကို လိမ်ချိုး
လိုက်တယ်။ ဆံပင်တစ်ချို့ အရင်းက မဟုတ်
ပေမယ့် အဖျားနားတစ်ဝှိုက် ပြတ်ကျသွားတ
ယ်။ သွေးကြောအပိုင်းအစတွေ ဟာဆံပင်
တွေနဲ့အတူ ပါသွားတယ်။ ပြတ်ထွက်သွား
တဲ့ ဆံပင်ရဲ့အဖျားပိုင်းကနေ သွေးစက်တွေ
တစ်စက်ချင်းကျနေတယ်။ အိပ်နေတဲ့မာကာ
ရဲ့ ကျန်ခဲ့တဲ့ဆံပင်ဆီကနေ သွေးစက်တွေ
စိမ့်ထွက်လို့နေတယ်။ တအောင့်ကြာတော့
သွေးစက်တွေ ရပ်သွားတယ်။ အဘွားအိုလ
ည်း သွေးကြောတွေဆီက သွေးတစ်ချို့စုပ်ယူ
ပြီး လာရာပြတင်းပေါက်ကို ထွက်သွားတယ်
ပြတ်ထွက်သွားတဲ့ ဆံပင်အတိုတွေတော့ ကြမ်းပြင်မှာ ချထားခဲ့တယ်။
မာကာ ဟာ အလားတူ အိပ်မက်မျိုးကို စနေ
နေ့ညလည်တွေမှာ မက်တက်တယ်။ အိပ်
မက်တိုင်းမှာ အဘွားအိုဟာ ပြတင်းပေါက်
က ဝင်လာတက်သလို သူမအခန်းရဲ့ တံခါး
ပေါက်ကနေလည်း ဝင်လာတက်တယ်။ စိတ်
ထိခိုက်စရာ တစ်ခုမာကာကြုံခဲ့ရသေးတယ်။
သူမဟာ သူမနေထိုင်ရာ မိသားစုကလေးရဲ့
သမီးရင်း မဟုတ်ခဲ့ဘူး။ မွေးစားခံရတာသာ
ဖြစ်တယ်။ သူမရဲ့ အမေက သူမကို နှစ်သိမ့်
ခဲ့တယ်။ မာကာရဲ့ အိပ်မက်တွေနဲ့ ပက်သ
က်ပြီး "မကြောက်ဖို့မျှော်လင့်ကြောင်း၊ စိတ်
တည်ငြိမ်စွာထားနိုင်ဖို့နဲ့ မာကာဟာ အမြဲ
တမ်းသူ့သားသမီးသာ ဖြစ်တယ်တဲ့"။ မာကာ
ဟာ ကြမ်းပြင်ပေါ်ကျနေတဲ့ ဆံပင်အပြတ်
တွေကို ညနေခင်းတွေမှာ စိုးရိမ်တကြီးကြည့်
နေမိတယ်။ မာကာတဖြေးဖြေး ပိန်လာတယ်
မာကာအမေ့ကတော့ နွားနို့မှန်မှန်သောက်
ဖို့ ပြောတယ်။
စနေနေ့ပြန်ရောက်လာတဲ့အခါ မာကာဟာ
အရာရာကိုပျင်းရိလို့ နွားနို့သောက်ချင်စိတ်
လည်း ကုန်ခမ်းနေတယ်။ သူမအမေသာ မာ
ကာနွားနို့မသောက်တာသိရင် ပိုလို့စိတ်မ
ကောင်းဖြစ်လိမ့်မယ်။ မာကာဟာနွားနို့တွေ
ကို ပြတင်းပေါက်က တိတ်တိတ်လေးသွန်ချ
လိုက်တယ်။ သူမ အိပ်ချင်ယောင်ဆောင်နေ
တယ်။ ဒါပေမယ့် သူမသိတယ်။ မာကာ မ
အိပ်ချင်ပေမယ့် ပင်ပန်းနွမ်းနယ်နေတဲ့ မာ
ကာရဲ့ ခန္ဓာကိုယ်ဟာ တဖြေးဖြေး အိပ်မော
ကျသွားလိမ့်မယ်။ မာကာဟာ မှေးလိုက် သတိပြန်လည်လာလိုက် အခြေနေနှစ်ခုရဲ့
ကြားထဲမှာ ဟိုဒီပြေးလွှားနေတယ်။ ရုတ်
တရက် အိပ်ခန်းတံခါးပွင့်သွားတယ်။ မာ
ကာ အိပ်ချင်ယောင်ဆောင်နေ လိုက်တယ်။
မျက်လုံးတစ်ပေါက်စာ သေချာညှပ်ထားတဲ့
စောင်ကြားကနေ အပြင်ကို ငေးကြည့်နေ
တယ်။ တံခါးဝမှာ မာကာရဲ့အမေရပ်နေတ
ယ်။ မာကာရဲ့အမေဟာ ရှေ့တိုးလာတယ်။
ကုတင်ဘေးက ထိုင်ခုံမှာထိုင်လို့ မာကာရဲ့
ဆံပင်တွေကိုသူ့လက်ချောင်းတွေကြား ဆော့
ကစားနေတယ်။ မာကာ ဇဝေဇဝါဖြစ်နေတ
ယ်။ သူမရဲ့ အမေဆီက အိပ်မက်ထဲက အ
ဘွားအိုရဲ့ အနံ့ရနေလို့ပဲ။ သူမရဲ အမေဟာ
သူမဆံပင်တွေကို အနမ်းပေးတယ်။ နမ်းနေ
ရင်းက မာကာ့အမေဟာ တဖြေးဖြေး ရွတ်တွ
လာတယ်။ အရေတွန့်နေတဲ့လက်ချောင်း
တွေ ခြေချောင်းတွေ ဆံပင်ဖြူ တွေနဲ့ အဘွားအိုတစ်ယောက်ရဲ့ ပုံပေါ်လာတယ်။
အဘွားအိုဟာ မာကာရဲ့ဆံပင်အဖျားတွေကို
လိမ်လိုက်တယ်။ အိပ်မက်ထဲက အတိုင်းပြ
တ်ထွက်သွားတဲ့ ဆံပင်တွေ။ တစ်စက်စက်
ကျနေတဲ့ သွေးစက်တွေနဲ့ သွေးတွေကို စုပ်
ယူနေတဲ့ အဘွားအို။ သူမ ရုတ်တရက်တိုက်
စစ်ဆင်လိုက်တယ်။ အဘွားအိုကို အားနဲ့
ရုန်းလိုက်ပြီး ပြတင်းကခုန်ချဖို့ပြင်တယ်။ ဒါ
ပေမယ့် မာကာဟာ သိပ်အားနည်းလို့်နေပြီ။
အနောက်ဘက်က အရှိန်ပြင်းပြင်းဝင်လာတဲ့
အရာဝထ္ထုတစ်ခုခု ဟာ မာကာရဲ့ဦးခေါင်းကို
ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်။
မာကာ ပြန်နိုးလာခဲ့တယ်။
ဆရာဝန်တစ်ယောက်က မာကာကို ငေး
ကြည့်နေတယ်။ မာကာမှာ ထိခိုက်ဒဏ်ရာ
ရထားတဲ့ အတွက် လောလောဆယ် စကား
ပြောနိုင်စွမ်းတွေ ပျောက်သွားရမယ့် အခြေ
အနေပဲ စိတ်ထိခိုက်တာကြောင့်လည်း ဖြစ်
မယ်။ ဆရာဝန်ဟာ မာကာ အလွန်အားနည်း
နေတဲ့အတွက် နားနေသင့်ကြောင်းအသိ
ပေးတယ်။ မာကာ ဟာ ရုတ်တရက် ထထိုင်
ဖို့ကြိုးစားပေမယ့် မူးဝေလို့နေတယ်။ အလွန်
အမင်း ကြောက်နေခဲ့တဲ့အရှိန်နဲ့ စကားမ
ပြောနိုင်ခဲ့ဘူး။ မာကာဟာ ပါးစပ်ဟဖို့ကြိုးစား
ပေမယ့် စကားတစ်ခွန်း မှ သူမဆီကထွက်မ
လာခဲ့ဘူး။ မာကာဟာ ဆရာဝန်ကို သူမကို
ဒီအိမ်ကနေ ခေါ်ထုတ်သွားဖို့ပြောချင်နေတ
ယ်။ မာကာဟာ ဘာမှမပြောနိုင်တော့ပေမ
ယ့် ဆရာဝန်ကို ငေးစိုက်ကြည့်နေခဲ့တယ်။
မာကာရဲ့ မွေးစားအမေ ဟာ ဆရာဝန်ကို တံ
ခါးဝအထိ လိုက်ပို့ပေးလိုက်တယ်။မာကာ မြင်တယ်။ အမေဟာ ဆရာဝန်ကို နှုတ်ဆကိ
လက်ပြနေတယ်။ လေးဆယ့်ငါး ဒီဂရီစောင်း
ပြီး သူမရဲ့ဦးခေါင်းဟာ မာကာ့ရှိရာကို လှည့်
ကြည့်တယ်။
တံခါးကို ပိတ်လိုက်တယ်။
တံခါးရဲ့လက်ရန်းကို ကိုင်ထားတဲ့လက်
ချောင်းတွေဟာ တဖြေးဖြေးရွတ်တွလာနေ
တယ်။ ခြေချောင်းတွေ ရွတ်တွလာတယ်။
မျက်လုံးနားမှာ အရေးကြောင်းတွေနဲ့ ဆံပင်
တွေ ဖြူ လာတယ်။
မွေးစားအမေ ဟာ မာကာ့အနား ကို
တဖြေးဖြေး ကပ်လာနေချိန်မှာ
မာကာဟာ လေထဲက
အဘွားအိုတစ်ယောက်ရဲ့ အနံ့ကို ရှူ ရှိုက်မိ
လိုက်တယ်။
ဒိုဒို
30.11.2017
စနေနေ့မှာ နွားနို့သောက်ရတာ ကြိုက်ယ်။
စနေနေ့ညရဲ့ အိပ်မက်တစ်ခုထဲမှာ မာကာ အိပ်ပျော်နေခဲ့တယ်။
လောလောလတ်လတ် ဝတ်ထားတဲ့ညဝတ်အကျီင်္နဲ့ပဲ အိပ်မက်
ထဲမှာ မာကာ အိပ်ပျော်နေခဲ့တာ။ မာကာ အိပ်နေလိုက်တာမှ ထာဝရအိပ်မောကျနေ
တဲ့ ပုံပြင်ထဲက မင်းသမီးကလေးလိုပဲ။ မာကာရဲ့ ဆံပင်ရှည်တွေဟာ အောက်ဘက်ကို
တွဲလောင်းကျနေတယ်။ ဆံပင်ရှည်တစ်ချို့ဆို ကြမ်းပြင်မှာ ပျံ ကြဲလုနီးပါးပဲ။
မာကာအိပ်နေတဲ့ ခုတင်ဘေးမှာ ပြတင်းပေါက်တစ်ခုရှိတယ်။ ပြတင်းပေါက်ဟာ လေကြောင့်ထင်
ရဲ့ အနည်းငယ်ဟသွားတယ်။ ရှည်လျားပြီး
ရွတ်တွနေတဲ့ လက်ချောင်းတွေ ပြတင်းပေါ
က် ဘောင်ပေါ်မှာ တရွေ့ရွေ့တွားသွားနေ
တော့တယ်။ ရွတ်တွနေတဲ့ လက်ချောင်းတွေ
ရဲ့ ပိုင်ရှင်က ခါးကုန်းကုန်းအဘွားအို တစ်
ယောက်ပဲ။ဒါကို မာကာ ဘာကြောင့်သိနေခဲ့
တာလဲ။ အိပ်မက်ထဲက မာကာဟာ အိပ်မော
ကျနေပေမယ့် တခြားမာကာတစ်ယောက်က
နိုးလို့နေသေးတယ်။ သူဟာ စိတ်ဝိညာဉ် လို
ပဲ မာကာကိုတစ်လှည့် အဘွားအိုကို တစ်
လှည့်ကြည့်ရင်း စိုးရိမ်ပူပန်နေတယ်။မာကာ
နောက်တစ်ယောက် အထင်မှန်သွားတယ်။
အဘွားအိုဟာ ကုတင်နားကို တရွေ့ရွေ့ရော
က် လာတယ်။ အဘွားအိုဟာကုတင်ဘေးက ထိုင်ခုံလေးပေါ်မှာ ထိုင်လို့် မာကာရဲ့ဆံနွယ်
တွေကို လှမ်းယူလိုက်တယ်။ လက်ပေါ်ရော
က် သွားတဲ့ ဆံပင်တွေကို အဘွားအိုဟာ လျာနဲ့ လျက်နေတယ်။ အရာအားလုံး ကို
မြင်နေရတဲ့ တခြားမာကာဟာ အမှောင်ထု
မှာ တိတ်တိတ်လေးရပ်လို့ အချင်းအရာကို
ရပ်ကြည့်နေတယ်။ အဘွားအိုက အနောက်
ဘက်ကို လှည့်ပြီးတခြားမာကာကို ပြုံးပြတ
ယ်။တခြားမာကာလည်း အဘွားအိုဟာ သူ့
ကိုမြင်နေရတာဖြစ်လို့ အံ့သြသွားတယ်။ အ
ဘွားအိုဟာ သူရဲ့လျက်ခြင်းအမှုကို ဆက်လု
ပ်တယ်။ တခြားမာကာရဲ့ မျက်လုံးအိမ်မှာ
ဆံပင်တွေကြားက သွေးကြောတွေကို မြင်
ယောင်လာတယ်။ ဆံနွယ်တစ်ခုချင်းစီ အောက်က ဆံချည်မျှင်သွေးကြောတွေ ဟာ
ဆံနွယ်တစ်ခုချင်းစီ မှာ တစ်ချောင်းခြင်း အ
ဘွားအိုလျက်နေတာတွေဟာ ဆံပင်တွေမ
ဟုတ်ပဲ ဆံချည်မျှင်သွေးကြောတွေပဲ။ အဘွားအိုဟာ ဆံနွယ်တစ်ချို့ကို လိမ်ချိုး
လိုက်တယ်။ ဆံပင်တစ်ချို့ အရင်းက မဟုတ်
ပေမယ့် အဖျားနားတစ်ဝှိုက် ပြတ်ကျသွားတ
ယ်။ သွေးကြောအပိုင်းအစတွေ ဟာဆံပင်
တွေနဲ့အတူ ပါသွားတယ်။ ပြတ်ထွက်သွား
တဲ့ ဆံပင်ရဲ့အဖျားပိုင်းကနေ သွေးစက်တွေ
တစ်စက်ချင်းကျနေတယ်။ အိပ်နေတဲ့မာကာ
ရဲ့ ကျန်ခဲ့တဲ့ဆံပင်ဆီကနေ သွေးစက်တွေ
စိမ့်ထွက်လို့နေတယ်။ တအောင့်ကြာတော့
သွေးစက်တွေ ရပ်သွားတယ်။ အဘွားအိုလ
ည်း သွေးကြောတွေဆီက သွေးတစ်ချို့စုပ်ယူ
ပြီး လာရာပြတင်းပေါက်ကို ထွက်သွားတယ်
ပြတ်ထွက်သွားတဲ့ ဆံပင်အတိုတွေတော့ ကြမ်းပြင်မှာ ချထားခဲ့တယ်။
မာကာ ဟာ အလားတူ အိပ်မက်မျိုးကို စနေ
နေ့ညလည်တွေမှာ မက်တက်တယ်။ အိပ်
မက်တိုင်းမှာ အဘွားအိုဟာ ပြတင်းပေါက်
က ဝင်လာတက်သလို သူမအခန်းရဲ့ တံခါး
ပေါက်ကနေလည်း ဝင်လာတက်တယ်။ စိတ်
ထိခိုက်စရာ တစ်ခုမာကာကြုံခဲ့ရသေးတယ်။
သူမဟာ သူမနေထိုင်ရာ မိသားစုကလေးရဲ့
သမီးရင်း မဟုတ်ခဲ့ဘူး။ မွေးစားခံရတာသာ
ဖြစ်တယ်။ သူမရဲ့ အမေက သူမကို နှစ်သိမ့်
ခဲ့တယ်။ မာကာရဲ့ အိပ်မက်တွေနဲ့ ပက်သ
က်ပြီး "မကြောက်ဖို့မျှော်လင့်ကြောင်း၊ စိတ်
တည်ငြိမ်စွာထားနိုင်ဖို့နဲ့ မာကာဟာ အမြဲ
တမ်းသူ့သားသမီးသာ ဖြစ်တယ်တဲ့"။ မာကာ
ဟာ ကြမ်းပြင်ပေါ်ကျနေတဲ့ ဆံပင်အပြတ်
တွေကို ညနေခင်းတွေမှာ စိုးရိမ်တကြီးကြည့်
နေမိတယ်။ မာကာတဖြေးဖြေး ပိန်လာတယ်
မာကာအမေ့ကတော့ နွားနို့မှန်မှန်သောက်
ဖို့ ပြောတယ်။
စနေနေ့ပြန်ရောက်လာတဲ့အခါ မာကာဟာ
အရာရာကိုပျင်းရိလို့ နွားနို့သောက်ချင်စိတ်
လည်း ကုန်ခမ်းနေတယ်။ သူမအမေသာ မာ
ကာနွားနို့မသောက်တာသိရင် ပိုလို့စိတ်မ
ကောင်းဖြစ်လိမ့်မယ်။ မာကာဟာနွားနို့တွေ
ကို ပြတင်းပေါက်က တိတ်တိတ်လေးသွန်ချ
လိုက်တယ်။ သူမ အိပ်ချင်ယောင်ဆောင်နေ
တယ်။ ဒါပေမယ့် သူမသိတယ်။ မာကာ မ
အိပ်ချင်ပေမယ့် ပင်ပန်းနွမ်းနယ်နေတဲ့ မာ
ကာရဲ့ ခန္ဓာကိုယ်ဟာ တဖြေးဖြေး အိပ်မော
ကျသွားလိမ့်မယ်။ မာကာဟာ မှေးလိုက် သတိပြန်လည်လာလိုက် အခြေနေနှစ်ခုရဲ့
ကြားထဲမှာ ဟိုဒီပြေးလွှားနေတယ်။ ရုတ်
တရက် အိပ်ခန်းတံခါးပွင့်သွားတယ်။ မာ
ကာ အိပ်ချင်ယောင်ဆောင်နေ လိုက်တယ်။
မျက်လုံးတစ်ပေါက်စာ သေချာညှပ်ထားတဲ့
စောင်ကြားကနေ အပြင်ကို ငေးကြည့်နေ
တယ်။ တံခါးဝမှာ မာကာရဲ့အမေရပ်နေတ
ယ်။ မာကာရဲ့အမေဟာ ရှေ့တိုးလာတယ်။
ကုတင်ဘေးက ထိုင်ခုံမှာထိုင်လို့ မာကာရဲ့
ဆံပင်တွေကိုသူ့လက်ချောင်းတွေကြား ဆော့
ကစားနေတယ်။ မာကာ ဇဝေဇဝါဖြစ်နေတ
ယ်။ သူမရဲ့ အမေဆီက အိပ်မက်ထဲက အ
ဘွားအိုရဲ့ အနံ့ရနေလို့ပဲ။ သူမရဲ အမေဟာ
သူမဆံပင်တွေကို အနမ်းပေးတယ်။ နမ်းနေ
ရင်းက မာကာ့အမေဟာ တဖြေးဖြေး ရွတ်တွ
လာတယ်။ အရေတွန့်နေတဲ့လက်ချောင်း
တွေ ခြေချောင်းတွေ ဆံပင်ဖြူ တွေနဲ့ အဘွားအိုတစ်ယောက်ရဲ့ ပုံပေါ်လာတယ်။
အဘွားအိုဟာ မာကာရဲ့ဆံပင်အဖျားတွေကို
လိမ်လိုက်တယ်။ အိပ်မက်ထဲက အတိုင်းပြ
တ်ထွက်သွားတဲ့ ဆံပင်တွေ။ တစ်စက်စက်
ကျနေတဲ့ သွေးစက်တွေနဲ့ သွေးတွေကို စုပ်
ယူနေတဲ့ အဘွားအို။ သူမ ရုတ်တရက်တိုက်
စစ်ဆင်လိုက်တယ်။ အဘွားအိုကို အားနဲ့
ရုန်းလိုက်ပြီး ပြတင်းကခုန်ချဖို့ပြင်တယ်။ ဒါ
ပေမယ့် မာကာဟာ သိပ်အားနည်းလို့်နေပြီ။
အနောက်ဘက်က အရှိန်ပြင်းပြင်းဝင်လာတဲ့
အရာဝထ္ထုတစ်ခုခု ဟာ မာကာရဲ့ဦးခေါင်းကို
ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်။
မာကာ ပြန်နိုးလာခဲ့တယ်။
ဆရာဝန်တစ်ယောက်က မာကာကို ငေး
ကြည့်နေတယ်။ မာကာမှာ ထိခိုက်ဒဏ်ရာ
ရထားတဲ့ အတွက် လောလောဆယ် စကား
ပြောနိုင်စွမ်းတွေ ပျောက်သွားရမယ့် အခြေ
အနေပဲ စိတ်ထိခိုက်တာကြောင့်လည်း ဖြစ်
မယ်။ ဆရာဝန်ဟာ မာကာ အလွန်အားနည်း
နေတဲ့အတွက် နားနေသင့်ကြောင်းအသိ
ပေးတယ်။ မာကာ ဟာ ရုတ်တရက် ထထိုင်
ဖို့ကြိုးစားပေမယ့် မူးဝေလို့နေတယ်။ အလွန်
အမင်း ကြောက်နေခဲ့တဲ့အရှိန်နဲ့ စကားမ
ပြောနိုင်ခဲ့ဘူး။ မာကာဟာ ပါးစပ်ဟဖို့ကြိုးစား
ပေမယ့် စကားတစ်ခွန်း မှ သူမဆီကထွက်မ
လာခဲ့ဘူး။ မာကာဟာ ဆရာဝန်ကို သူမကို
ဒီအိမ်ကနေ ခေါ်ထုတ်သွားဖို့ပြောချင်နေတ
ယ်။ မာကာဟာ ဘာမှမပြောနိုင်တော့ပေမ
ယ့် ဆရာဝန်ကို ငေးစိုက်ကြည့်နေခဲ့တယ်။
မာကာရဲ့ မွေးစားအမေ ဟာ ဆရာဝန်ကို တံ
ခါးဝအထိ လိုက်ပို့ပေးလိုက်တယ်။မာကာ မြင်တယ်။ အမေဟာ ဆရာဝန်ကို နှုတ်ဆကိ
လက်ပြနေတယ်။ လေးဆယ့်ငါး ဒီဂရီစောင်း
ပြီး သူမရဲ့ဦးခေါင်းဟာ မာကာ့ရှိရာကို လှည့်
ကြည့်တယ်။
တံခါးကို ပိတ်လိုက်တယ်။
တံခါးရဲ့လက်ရန်းကို ကိုင်ထားတဲ့လက်
ချောင်းတွေဟာ တဖြေးဖြေးရွတ်တွလာနေ
တယ်။ ခြေချောင်းတွေ ရွတ်တွလာတယ်။
မျက်လုံးနားမှာ အရေးကြောင်းတွေနဲ့ ဆံပင်
တွေ ဖြူ လာတယ်။
မွေးစားအမေ ဟာ မာကာ့အနား ကို
တဖြေးဖြေး ကပ်လာနေချိန်မှာ
မာကာဟာ လေထဲက
အဘွားအိုတစ်ယောက်ရဲ့ အနံ့ကို ရှူ ရှိုက်မိ
လိုက်တယ်။
ဒိုဒို
30.11.2017
Comments
Post a Comment