Starvation

ဒီအကြောင်းတွေ ကျနော် စပြောရရင် နွေရာ
သီ ရဲ့ နံနက်ခင်း တစ်ခုမှာပေါ့ ။ကျနော် အိမ်
ရှေ့ တံမြက်စည်းလှဲနေတုံး ဂျူးမိန်းကလေး တစ်ယောက် တံခါးဝနားရောက်လာတယ်။
သူမဟာ ကြမ်းပြင်ပေါ်လှဲအိပ် လိုက်လေရော ပဲ။

"WTF ဒါ အိပ်စရာနေရာ မှမဟုတ်တာ "
မိန်းကလေးက နေရာက မရွေ့တော့ဘူး ။ သူ့
အဖေ ဂျာမနီကောင်တွေကလည်း ပတ်ဝန်း
ကျင်မှာ ဝဲလို့။ ကျနော် တံခါးပိတ် သူမခန္ဓာ
ကိုယ်ကြီး အထဲသွင်း သူမက ဂျူးဖြစ်နေ
တော့ ကျနော်မှာ တုန်လှုပ်ရ။ ထောက်လှမ်း
ရေးတွေ ပြန်သွားမှ ကျနော်လည်းမေးဖို့ပြင်
ရတယ် ။ ဝမ်းနည်းစရာက မိန်းကလေးဟာ
သေနတ်ဒဏ်ရာနဲ့  သေနေခဲ့ပြီ ဒါ့အပြင် ဂျူး
တစ်ယောက်ကို လက်ခံထားတဲ့ ကျနော့်အ
ဖို့ မတွေးဝံ့စရာ။ ကျနော် မြေမြှုပ်ဖို့ စဉ်းစား
တယ်။ သိတယ် မဟုတ်လား ဆုကြေးငွေ
ကြေငြာထားတော့ ပတ်ဝန်းကျင်ကလည်း အ
ရိပ်တကြည့်ကြည့် နဲ့ဆိုတော့ မြေမြှုပ်ဖို့အကြံ
လက်လျော့ ရတယ်။

ကျနော်တို့ မြို့လေးကလည်း ဆင်းရဲတဲ့ မြို့ ငယ်လေးပဲ ဟာ။

နောက်တစ်နည်း စဉ်းစားတယ်။ ဒီအလောင်
း ကောင်ကြီးကို မြေအောက်ခန်းထဲ ထားမယ်
ဆိုရင် ။ဒါပေမယ့် အဲ့ဒီအကြံဖျက်ရ ပြန်တ
ယ်။ မလုံမခြုံ မြေအောက်ခန်းငယ်လေးဟာ
အလောင်းကောင်ကြီးရဲ့ ပုတ်ပွလာတဲ့ အနံ့
ကို လုံခြုံအောင် သိမ်းထားနိုင်ပါ့မလား ဆို
တာပါပဲ ။ မတတ်သာတဲ့ အဆုံး နည်းတစ်
နည်းကို အသုံးချလိုက်ရတယ်။ အဲ့ဒါ က.အဲ့ဒါက.. ဗျာ (အနည်းငယ် တုန်ရီလျက်)
သူမကို အပိုင်းပိုင်းစီ ခုတ်ထစ်လိုက်ပြီး တစ်နေ့အသားတစ်မြှောင်း သို့မဟုတ် နှစ်
မြှောင်းလောက် မီးရှို့ခြင်းပါပဲ ။ ပြာဖြစ်သွား
ရင်ဝိညာဉ်ဟာ ကောင်းကင်ပေါ် တတ်သွားနို
င်တယ်လို့ ကျနော်ကြားဖူးတယ် ။

ကျနော်ဟာ တစ်နေ့ကို အသားတစ်မြှောင်း
ကျ မီးရှို့တယ်။ အညှီနံ့တွေ ခေါင်မိုးပေါ် ပျံ
တက်သွားလိုက်တာ ဒါပေမယ့် သိတယ်မဟု
တ်လား သေးငယ်တဲ့အပိုင်းလေးတွေ ဖြစ်လို့
လေထုမှာတော့ ကြာကြာရှိမနေနိုင် ဘူးလေ

ကျနော်က တစ်နေ့လုပ် တစ်နေ့စား ရတဲ့ လမ်းပြင်သမားပဲ ။ ဟစ်တလာတို့တွေ စစ် ဗုံးတွေ ကြဲကြတော့ ကျနော် အိမ်မြေအော
က်ခန်းမှာ နေရတာ။ တစ်ရက် နှစ်ရက် ကျ
နော်မှာ စားသောက်စရာ အာလူးနည်းလာ
ပြီ ။အာလူးကို ပြုတ်ပြီး မနက်ညနည်းနည်း
စီ သောက်ရတာ။ ဘာပဲဖြစ်​ဖြစ်​ ဂျူး မိန်းက
လေး ရဲ့ အစိတ်​အပိုင်း တွေကို မီးရှို့ပေးခဲ့ပါ သေးတယ်။ တစ်ပတ်ကြာတဲ့အခါ ကျနော်မှာ
စားစရာ ရိက္ခာ မရှိတော့ဘူး။ အာလူးတွေ
လည်း ကုန်ပြီလေ။ ပထမ တစ်ရက် ဆာ
လာတယ်။ ကျနော် ရေသောက်နေတယ်။အမျိုးသမီး ရဲ့ အစိတ်​အပိုင်း တစ်ခု မီးရှို့ပေး
ခဲ့တယ်။တတိယတစ်ရက် အရောက်ကျနော့်
မှာ ဆာလွန်းလို့ အိပ်နေ ကြမ်းပြင်ပေါ် လူး
လှိမ့်နေရ ။ အမျိုးသမီး ရဲ့အစိတ်​အပိုင်း တွေ
မီးပုံးထဲထည့်ရင်းက မကောင်းတဲ့အတွေး
တွေးမိတယ်။ စတုတ္ထ မြောက်နေ့မှာ ကျနော်
အရမ်းကို ဆာလောင်နေပြီ ။ ဆာတာဟာ
ရိုးရိုးဆာလောင်တာမျိုး မဟုတ်ဘူး အပျော်
ခရီးသွားရင်း လမ်းလျှောက်များလို့ ဆာလော
င်တာမျိုး မဟုတ်ဘူး၊ အသွေးသားထဲက ဆာ
လောင်ခြင်းမျိုး အခုတစ်ခါမှ ကျနော်မစား
သောက်ရရင် တစ်သက်လုံး ဆာနေမိမှာမျိုး။
မီးပုံထဲက အမျိုးသမီးရဲ့ လက်မောင်းသား
အနံ့ဟာ ကျနော့် ဆီကိုလာနေတယ်။
ငတ်ပြတ်ခြင်းကို သိတယ်မဟုတ်လား ကျ
နော်လည်း အဲ့သည်လို ဆာလောင်လာခြင်း
မျိုး မီးပုံထဲက အမျိုးသမီးရဲ့ လက်မောင်းသား
ကင်ကို ညှပ်နဲ့ယူ အငမ်းမရ ဖဲ့စားမိ ။ကျနော့်
ရဲ့ထူးဆန်းတဲ့ အကျင့်တစ်ခုလည်း အဲ့ဒီအ
ချိန်မှာ ပျောက်ဆုံးသွားတယ်။ ပုံမှန်အားဖြင့်
လူတွေ အသားစားတဲ့အခါ မြင်ရတဲ့အခါ သူ
တို့ကင်ထား ကြော်ထားတဲ့ အသားကင်ရဲ့ န
ဂိုအသွေးအသား အရေပြားတွေ မျက်စိထဲ မြင်လာတာမျိုး ကျနော်ကိုယ်တိုင်လည်း အ
သားစားနေရင်း မျက်စိထဲမြင်လာ အော့အန်
လာတာမျိုးတွေပဲ။ အခု ကျနော့်မှာ ဒါမျိုးတွေ
မတွေ့ရ ဘူး လေ။အဲ့ဒီတော့မှ အမျိုးသမီး ရဲ့
စာအုပ်ကို ကြည့်မိတယ်။ စာမျက်နှာ တစ်ခု
မှာလူကို အနံ့မထွက်အောင် ကင်နည်း ၊လူ
ကိုကြော်နည်း၊ လူအချဉ် ပေါင်းနဲ့ လူကြော်
ချက်နည်းတွေ တွေ့ ရတယ်။

စာအုပ်ရဲ့ နာမည်က "လူတစ်ကောင်လုံး ကင်နည်း "တဲ့ ။

"စိတ်မကောင်းပါဘူး   မိန်းကလေး
ခင်ဗျား စာအုပ်နဲ့ပဲ ခင်ဗျားကို ကျနော် ကင်
စား ရပါလိမ့်မယ် "

ဒိုဒို
1.1.2018

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား