Sugar gun (သကြားလုံး သေနတ်)

တစ်ချို့ သေနတ်တွေဟာ
အလိုအ​လျောက်​ သွေးဆာနေတယ်။
အံ့သြဖွယ် မကောင်းဘူးလား။

တစ်ချို့ သေနတ်တွေဟာ သကြားလုံးထွက်
တယ် ။ အံ့သြဖွယ် မကောင်းဖူးလား။

အထီးကျန်​ နေတဲ့ သိုးကျောင်းသား တစ်စု
ရှိတယ်။ တကယ်တော့ သိုးကျောင်းနေရင်း ဒီအိမ်ကြီးနား ကိုရောက်လာခဲ့တာ။ သူတို့လည်း ခုလို အကြောင်းတစ်
စုံတစ်ရာ မရှိဘဲ မြေအောက်ခန်းတစ်ခုထဲ
ဖမ်းဆီးထားခံရမယ် လို့ မထင်ထားခဲ့မိဘူး
လေ။ အခုတော့ မြေအောက်ခန်း ထဲမှာ
တစ်နှစ်ပြည့်ခဲ့ ပြီ။ သူတို့ကို ဘာကြောင့်ဖမ်း
ဆီးထားတယ် ဆိုတာ မသိရသေးဘူး။

ထောင့်မှာ အိပ်နေတဲ့ သူငယ်ချင်း တစ်
ယောက်က လှမ်းပြောတယ်။

"ဟျောင့်တွေ ဒီနေ့ညက Halloween
ပဲ ကွ"

"Halloween ဆိုတော့ မင်းက သကြားလုံး
တောင်းချင်လို့လား ?"

"မဟုတ်ပါဘူး ငါတို့မှာ ဖယောင်းတိုင်
တွေ ရှိတယ်လေ။ ပြီးတော့ ထမင်းစားဖို့
အချိန်နီးနေပြီ မဟုတ်လား။ ?"

"ဟော ပြောရင်းဆိုရင်း ထမင်းပန်းကန်
တွေ လာပို့သွားပြီ"

"ငါတို့် ၇ယောက်ရဲ့ ပန်းကန်ထဲက
ထမင်းတစ်ဆုပ်စီ ပန်းကန်တစ်ချပ်မှာ
ထည့်ကြမယ်။ ပြီးတော့ ဖယောင်းတိုင်ထွန်း
ပြီး အမှောင်ထဲက လူတွေကို အကူအညီ
တောင်းရ အောင်လား"

"ဖြစ်ပါ့မလား?" သူ့အသံက အနည်းငယ်
တုန်နေတယ်။

"ကြောက်နေတာများ လား"

"ကြောက်တယ်တော့ လည်း မဟုတ်ပါဘူး
အကူအညီတောင်းဆိုတော့လည်း
တောင်းကြတာပေါ့"

တစ်ယောက်လက်ပေါ် တစ်ယောက်ထပ်
ထားလိုက်ရင်း

"အမှောင်ထဲက လူ အမှောင်ထဲကလူ
ကျနော်တို့ကို ကူညီပါ
ကျနော်တို့ဒီနေရာကနေ လွတ်မြောက်ချင်ပါ
တယ်
ကျနော်တို့ကို ကူညီပါ
ကူညီပါ"

ပြီးတော့ အသံတွေကို နားထောင်ကြည့်နေ
တယ်။ အားလုံးဝိုင်းရီလိုက်ကြတယ်။

"ရောက်လည်း ရောက်မလာပါဘူး ဟားဟ"

"Happy Halloween"သူတို့ နောက်က
အသံ တစ်ခုကြားလိုက်ရတယ်။
အရိပ်မဲကြီး တစ်ခုပါ။

"မင်းတို့ တောင်းတဲ့ အကူအညီကိုငါကြား
ပါတယ်။ ငါ့အနေနဲ့ လည်းကူညီချင်တယ်။
မင်းတို့ ဒီအိမ်က လူတွေကို ဘယ်လိုမှမထိ
ခိုက်ပဲ ထွက်သွားလို့ မရနိုင်ဘူးဆိုတာ
မင်းတို့ နားလည်တယ်မဟုတ်လား"

"အဲ့ဒါဆို ကျနော်တို့က သူတို့တွေ သေမှ
ထွက်ပြေးလို့ ရနိုင်မယ် ဆိုတာမျိုး လား
အဲ့ဒီလို သာဆို ဒီကထွက်လည်း ထောင်က
မလွတ်နိုင်ဘူး လေ"

"အဲ့လိုတော့လည်း မဟုတ်ဘူး။ အခု
ငါပေးတဲ့ အရာကို အသုံးချလိုက်ရင် မင်းတို့
ဘာမှမဖြစ် ပြသနာဟာ ပြီးသွားလိမ့်မယ်။"

"ဒါ နဲ့ခင်ဗျားက တစ်ခြားအမှောင်ထဲက
အရာတွေလို အပေးအယူမျိုး မရှိဘူးလား?"

"ရှိပါတယ် ။ မင်းတို့ နောက်တော့သိရပါလိမ့်
မယ် ။ ဒီတော့မင်းတို့ သဘောတူလား ။
မတူဘူး ဆို ငါ့နေရာကို ငါပြန်ရမယ်"

"ဟုတ် ကျနော်တို့ သဘောတူပါတယ်"

"အင်း ဒီပစ္စည်းကို အသုံးချ" သူတို့လက်ထဲ
အရာတစ်ခုကို လှမ်းပစ်ပေးလိုက်ပြီးနောက်
အရိပ်မဲကြီးဟာ အမှောင်ထုကြားပျောက်
ကွယ်သွားပါတော့တယ်။

အရိပ်မဲ ကြီးပေးခဲ့တာ သေနတ်ခုနှစ်လက်ပါ

"သေနတ်ဆိုတော့ ငါတို့က ပစ်ရမှာလား"

ငါတို့ သော့ခလောက် အရင်ပစ်ကြတာပေါ့။

သော့ခလောက်ဖွင့်သွားတဲ့အခါ အကျဉ်းခန်း
လေးထဲက နေသူတို့ထွက်လာခဲ့တယ်။
သူတို့်ရှေ့ကို လူသံကြီးတစ်ယောက်လျှောက်
လာနေတယ်။ သူ့ရဲ့ ပုံစံဟာ မူမမှန်ပဲ ရူး
နှမ်းနေပုံ ပေါ်တယ်။ ဘေးနားမှာလူနှစ်
ယောက် ထပ်ပေါ်လာတယ်။ သူတို့မပစ်ပဲ
နေလို့မရတော့မှန်း သတိထားမိလိုက်ကြ
တယ်။ ကြောက်ကြောက်နဲ့ မျက်လုံးမှိတ်
အားကုန်ပစ်လိုက်ပြီးနောက် မျက်လုံးဖွင့်
ကြည့်လိုက်တဲ့အခါ ကြမ်းပြင်မှာ ပြန့်ကျဲနေ
တဲ့ သကြားလုံးပုံကြီးကို တွေ့လိုက်ရတယ်။
လူသန်ကြီး ဝတ်ထားတဲ့ မီးခိုးရောင်အကျီင်္
ကသကြားလုံးပုံတွေ ကြားမှာ။

"ဒီသေနတ်နဲ့ ပစ်လိုက်ရင် လူတွေဟာ
သကြားလုံးတွေ ဖြစ်သွားတာထင်တယ်"

"သကြားလုံးတွေက လှပြီး
အရောင်အသွေးစုံလိုက်တာ
ငါနည်းနည်းစားကြည့်ချင်တယ်"

"ငါရောပဲ "

"စားကောင်းတယ် စားကြည့်ပါလား"
အချင်းချင်း သကြားလုံးစားဖို့ပြောရင်း
သူတို့အကုန်လုံးသကြားလုံးတွေကို စား
မိကြတယ်။ ထူးခြားတာက သကြားလုံးတွေ
ဟာ ဗိုက်မဝတာပဲ။ ဒါပေမယ့် သကြားလုံး
တွေကို ထပ်စားချင်နေသေးတယ်"

သူတို့ အရှေ့ကို ထွက်လာတဲ့အခါ
အလားတူ ယောက်ျားကြီး နှစ်ယောက်ကို
တွေ့တယ်။ သေနတ်နဲ့ ပစ်လိုက် သကြားလုံး
တွေ စားလိုက်နဲ့ အကုန်လုံးရဲ့ မျက်နှာတွေ
ကို သူတို့ဟာ သကြားလုံးတွေပဲ လို့မြင်ကြ
တယ်။

သူတို့ လမ်းမပေါ်ရောက်သွားတဲ့ အခါ
လူတိုင်းကို သကြားလုံးတွေ အမှတ်နဲ့
ဝိုင်းပစ်ခတ်ကြတယ်။

သကြားလုံးတွေစားရင်း လေးလံမောပန်း
သွားပြီးနောက် နောက်နေ့ မနက် အိပ်ယာက
သူတို့ နိုးလာတဲ့အခါ တောင်တွေစီထားတဲ့
တောင်တန်းတွေလို တစ်စီတစ်တန်းထဲ
ရှိနေတဲ့ သကြားလုံးတောင်တန်းကို လှမ်းမြင်
ရတယ်တဲ့ ။

အရိပ်ကြီးပြောတဲ့"နောက်တာ့သဘောပေါက်မယ်" ဆိုတဲ့ အရာကို သဘောပေါက်သွား
ခဲ့တယ်။

"အခုဆိုရင် ဒီမြို့ကလူတွေဟာ
လူဦးရေ စာရင်းထဲက တဖြေးဖြေးပျောက်
ကွယ်သွားတော့မှာ "

မြို့လူဦးရေ စားရင်းက တဖြေးဖြေးပျောကိ
ကွယ်သွားကြမှာ ဖြစ်တဲ့ အတွက်.သူတို့
ဟာ မြို့ရဲ့ ရဲတွေဖမ်းဆီးတာကို တော့
ခံရမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အမြဲတမ်းနောင်တရခြင်း ကို
ခံစားနေရပါတယ်။

သူတို့ဟာ သကြားလုံးတောင်ကြီးဆီကို
သကြားလုံးတွေ လာယူသွားတက်ကြတယ်။

Halloween ညတိုင်းသကြားလုံးလာတောင်း
တဲ့ကလေးတွေနဲ့ မိဘမဲ့ဂေဟာက အပြင်
မထွက်ရတဲ့ ကလေးတွေကို သကြားလုံး
တွေ လက်ဆောင်ပေးတက်တယ်။

တစ်ခု ပဲHalloween ညတွေမှာ
သကြားလုံးတွေ ဆီက ငိုငြီးသံတွေ ကြားရ
တက်တယ်။

ဒိုဒို
31.10.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား