ငါ့ဆီလာပါ ... Tomino
တစ်နေ့မှာ ကောင်လေး တစ်ယောက်ဟာ သူငယ်ငယ်က နေခဲ့တဲ့ မြို့ကလေးဆီ ပြန်သွားခဲ့တယ်။
မြို့ကလေးရဲ့ဖွဲ့စည်းပုံ ပုံစံတွေ အနည်းငယ် ပြောင်းလဲသွားတာကလွဲလို့ အရင်လိုနွေးထွေး အေးမြနေဆဲပဲတဲ့။
သူက အဘွားအိုတစ်ယောက်ရဲ့ အိမ်တစ်လုံးကို ရှာနေခဲ့တာ။
အဘွားလို့ ပြောတာထက်သူငယ်ငယ်က
တူတူနေခဲ့တဲ့ သူနဲ့ကစားဖော် အိမ်ဘေးက
သူငယ်ပြန်နေတဲ့အဘွားတစ်ယောက်အိမ်ဆိုပိုလို့မှန်မယ်။ ခုတော့အဘွားလည်းဆုံးသွားပါပြီ။ တကယ်တော့ အဘွားနဲ့ ငယ်ငယ်ကအတူကြီး
ပြင်းခဲ့ရပေမယ့် မှတ်ဥာဏ်မကောင်းတာ
ကြောင့်လား မမေးခဲ့မိလို့လား မသိ။သူ အဘွားရဲ့ နာမည်ကို မမှတ်မိခဲ့ဘူး။ အဘွားရဲ့
နာမည်ကိုသိချင်စိတ်ဟာရှစ်နှစ်လုံးလုံးသူ့ကိုခြောက်လှန့်နေခဲ့တယ်။ အဘွားအိမ်ရှေ့မှာ အသက် ၇၀အရွယ်အဘွားအို တစ်ယောက်ကို
လည်းတွေ့ရတယ်။ သူ့ကိုကောင်လေး မှတ်မိတာပေါ့။ အဘွားအိုရဲ့ သမီးပဲ။ သူမကလည်းသူ့ကို မှတ်မိနေတယ်။သူ့လက်ထဲမှာအဲ့အချိန်ကငယ်ငယ်ကအမှတ်တရ ပလုတ်တုတ် တစ်ခုကို ကိုင်ထားခဲ့တာ။
ပလုတ်တုတ် အကြောင်းပြောရင်း အဘွားအိုရဲ့.သမီးနဲ့စကားပြောဖြစ်ကြတယ်။
အဘွားအိုရဲ့ သမီးပေမယ့် အဘွားအရွယ်မို့
အဘွားလို့ပဲ ခေါ်ဖြစ်တယ်။ အဘွားနံပါတ်၂ကို
အဘွားနံပါတ်၁ အကြောင်းမေးဖြစ်ခဲ့တယ်။
ကောင်လေးဟာ အစကဒီတိုင်းမမေးတော့
မယ့်သဘောရှိပေမယ့် သူနောက်ဆုံးမှာ
အဘွားနံပါတ်၁ ရဲ့ နာမည်ကိုမေးမိသွားတယ်။
အဘွားနံပါတ်၂ ဟာတွေတွေလေးငေးလို့
"အော် ငါ့အမေ အမေဆုံးသွားတာလေးနှစ်ရှိခဲ့
ပြီတဲ့ ငါ့ယော်ျားက အရင်သေတယ်။
ပြီးတော့ ငါ့အမေသေတယ်"။
အသံဟာတိမ်ဝင်ပြီး ရှိုက်သံအပြည့်ပါနေတယ်။
တကယ်တော့အဘွားနံပါတ်၁ဆုံးသွားတာဟာ
ရှစ်နှစ်ပြည့်လို့ကိုးနှစ်ရောက်ခဲ့ပါပြီ။အဘွားနံပါတ်၂ဟာခံစားချက်ကိုမှတ်မိပေမယ့်မှတ်ဥာဏ်ပိုင်းတော့ချွတ်ချွင်းခဲ့ပုံပါပဲ။
ကောင်လေးယူကျုံးမရ ဖြစ်ရတယ်။
သမီးအရင်းတောင် မေ့မေ့ပျောက်ပျောက် ဖြစ်ခါနီး ကိစ္စတစ်ခုကိုသူဟာ လူမဆန်စွာ အစပျိုးပေးခဲ့တယ်မဟုတ်လား။
ပြီးတော့ အရင်းတောင် ဖြေဖျောက်လွယ်
တဲ့ကိစ္စတစ်ခုကို သူဟာနှစ်ပေါင်းများစွာတိုင်
သူ့စိတ်ထဲ မှာရှိနေခဲ့တာ။
သူ့စိတ်ဟာလေ ငရဲတွင်းကြီးပဲ ။
မှောင်မဲနေတဲ့အခန်းထဲမှာတောင်သူ့စိတ်ဟာ ဂမုန်းပင်တွေ ကြားရှင်သန်ကြီးထွားနေခဲ့တာ၊
သူ့ကိုသူမုန်း ရှက် အားနာ သနား။
တကယ်တော့သူ့စိတ်ဟာလေ ငရဲတွင်းကြီးပဲ။
အားမနာတက် သာမန်လို့လူတွေ သဘောထားတဲ့ အရာတွေ သိပ်စွဲလန်းလွန်းပြီ
တစ်နေ့နေ့ ငရဲတွင်းနက်ထဲ ထဲခုန်ခုန်ဆင်းနေခဲ့တာပဲ။
သူအိမ်အပြန်ရောက်တော့ ကဗျာစာအုပ်ကို ဖွင့် အသေအချာ မရွတ်ခဲ့ ဘူးတဲ့ Tomino hell ကဗျာစာသားကိုအသံနှုန်းအမြင့်ဆုံးထားပြီးသူရွတ်ဆို လိုက်တယ်။
လာပါ..... . .Tomino
Tomino ငါ့ဆီ ရောက်အောင်လာပါ။
လာပါတော့ ကံဆိုးခြင်းတွေ ။
ငါ့ဆီလာကြပါတော့ ငရဲခွေးတွေ။
ဒိုဒို

Comments
Post a Comment