Untitled

မီးခိုးရောင်

ကျွန်မကို အထင်မလွဲပါနဲ့
ကျွန်မ မှုတ်ထုတ်လိုက်တာ
ဆေးလိပ် ငွေ့တွေပါ
မီးခိုးရောင် နဂါးတစ်ကောင်နဲ့တူတယ်လို့
တောင် ထင်ခဲ့သေးတယ်
သူပျံထွက် သွားတာ
ကျွန်မ မသိလိုက်ဘူး
နောက်တစ်နေ့ မနက်မှ
ကမ္ဘာတစ်ခြမ်းဟာ မီးလောင်ပြာကျနေမှန်း
ကျွန်မ သိခဲ့ရတာ
စိတ်မကောင်း ပါဘူးရှင်
နဂါးလေးကို ကျွန်မ ပြန်ခေါ်လို့ မတော့ပါဘူး
သူ ဘယ်သွားနေ လဲလည်း
ကျွန်မ မသိဘူး။

ခရမ်းရောင်

ကျွန်မ ကြောင့်
ကမ္ဘာတစ်ခြမ်း လောင်မြိုက်သွားရမှန်း
ကျွန်မ နားလည်ပါတယ်
ကျွန်မ ဆေးလိပ်နေပါတယ်
လာဗန်ဒါ ပန်းတွေ ထည့်လို့
ဆေးလိပ်ငွေ့ကို တစ်ရှိုက်ရိုက် လိုက်တယ်

လာဗန်ဒါ နဂါးလေး ပြန်ထွက်သွားတာ
မြင်ရတယ် မဟုတ်လား

နဂါးလေး နောက်ကနေ ကျွန်မလိုက်
လာခဲ့တယ်

သူဘယ် သွားမလို့လဲ

ခရမ်းရောင် နဂါးလေးလေထဲမှာ အခိုးငွေ့တွေ မှုတ်ထုတ်နေတာ
ကျွန်မ မြင်တယ်

မျှော်လင့်မထားတဲ့ လာဗန်ဒါပန်းတွေ
မှုတ်ထုတ်လိုက်တဲ့
ခရမ်းရောင်အခိုး ငွေ့တွေကြား
လာဗန်ဒါတွေ အုံလိုက် ကျင်းလိုက်
ကမ္ဘာမြေပေါ် သက်ဆင်းတယ်

ပျံဝဲနေတဲ့ လာဗန်ဒါ တွေအောက်
ကလေး ငယ်တွေ
ကခုန် ကြတယ်
မွှေးကြူ ကြတယ်
ရှင်လည်း ချမ်းမြေ့ပါစေ
ကျွန်မ လည်း ချမ်းမြေ့ပါစေ
အားလုံးလည်း ချမ်းမြေ့ရပါစေ

စိတ်မကောင်း စရာ ထပ်ဖြစ်ခဲ့ ပြန်ပါတယ်
တစ်မြို့ လုံးက လူတွေ
အိပ်ပျော် သွားကြတယ်

အိပ်မော ကျ သွားလိုက်ကြတာ
တစ်မြို့ လုံးတိတ်ဆိတ် လို့

ကျွန်မ မြင်ရတဲ့ ကမ္ဘာဟာ
တစ်ဘက်မှာ မီးလောင်နေပြီး
တစ်ဖက်မှာ အိပ်ပျော်နေကြပါတယ်

နဂါးလေးနှစ်ကောင်ဟာ
ဆေးလိပ်ငွေ့ လေး အဖြစ်ပြန်ဝင် စားတယ်

ဆေးလိပ် ငွေ့လေး ဟာ ရှင်ဖြစ်လာပြီး
ကျွန်မဟာ ကျွန်မပဲ ဖြစ်တယ်

ကျွန်မတို့ဟာ
တစ်ဖက်မှာ နွေးထွေးနေ ကြပြီး
မသိစိတ်ထဲမှာ လာဗန်ဒါ ပန်းတွေကြားထဲ
အသည်းတစ်အေးအေး
အိပ်မောကျ နေလိုက် ကြတာ
ရှင်လည်း မနိုးဘူး
ကျွန်မလည်း မနိုးဘူး။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား