Untitled

အပင်မြစ်ဟာ ဒီလိုပဲတစ်ဖက်က ရှင်သန်
တစ်ဖက်က သေဆုံးကြရတာပဲတဲ့။ ဒီလိုနဲ့
လူတစ်ချို့ဟာ တစ်ဖက်မှာ စိမ်းမြလန်းဆန်း
ဖို့အတွက် တစ်ဖက် ဒီပရက်ရှင်တွေ ရှိနေတဲ့
အပိုင်းမှာ ပုတ်ပွလာတော့တာပဲ ။ပုတ်ပွ လာ
တာကို ဘယ်လိုသိနိုင်မလဲ? ။ဒီမေးခွန်းက မ
မေးသင့် ဘူးဗျ။ သူတို့ကိုယ်တိုင်ရဲ့ လုံခြုံ​မှု
ပျောက်ဆုံးသွားခဲ့ရင် ကျနော် အမှန်တကယ်
တာဝန် မယူနိုင်ဘူး။ ဒါပေမယ့် ဒါဟာ ခင်
ဗျား ကိုယ်တိုင်လည်း စိတ်ကျနေသူမို့ ကျနော်
ပြောပြနိုင်ပါတယ် ။အနည်းဆုံးတော့ ခင်
ဗျားဟာ ကမ္ဘာပျက် ရုပ်ရှင်တွေကိုကြည့်ပြီး
စိတ်ကျေနပ် ခံစားနေရမယ်ဆိုရင် ပုတ်ပွနေ
တဲ့အပိုင်းဟာ အတော်လေးကြီးထွားနေပြီ
လို့ ဆိုနိုင်ပါတယ်။ ရှင်သန်ခြင်းနဲ့ တစ်ဖန်
ပွင့်လန်းလာခြင်းကို ကနဦးပျော်ရွှင်မှူရဲ့ ဗ
ဟိုအဖြစ် မသတ်မှတ်နိုင်တော့တဲ့အခါ ကျ
နော်ပြောသလို ပုတ်ပွခြင်းဟာ ကြီးထွားလာ
နေပြီလို့ ဆိုနိုင်ပါတယ် ။ အနက်ရောင် ဝတ်
စုံတွေမြင်တိုင်း ဒါဟာသေမင်းတမာန်ရဲ့ အ
ရံအပွားဖြစ်တယ် လို့ ခင်ဗျားနှစ်သက်ခံစားရ
တိုင်း နာကျင်မှုဟာ ခင်ဗျားရဲ့အဝန်းအဝိုင်း
အသက်အိုးအိမ် အထိ ဆန်တတ်လာနေပြီ
ဖြစ်ပြီး ခင်​ဗျား တံထားပေါ်က ခုန်ချသွားတဲ့
အခါ ပျောက်ဆုံးသွားခြင်း လို့ခေါ်ပါတယ်။
သေဆုံးခြင်းဟာ အနိုင်ရခြင်းမဟုတ်သလို
ရှင်ခြင်းဟာ အရှုံးပေးခြင်းလည်းမဟုတ်ပါ
ဘူး။ အဆိုပါ အရှုံးနဲ့အနိုင်ကို ပြောင်းပြန်လဲ
လှယ် တွေးစလို့လည်း မရနိုင်ပါ ဘူး။ သေ
ဆုံးခြင်းဟာ ခင်ဗျားရဲ့ခြေထောက် ခင်ဗျားရဲ့
ဝမ်းဗိုက်ကြွက်သားတွေ ရင်သား လည်ပင်း
အဝိုက် လည်ချောင်းကနေ ဟိုးစကြာဝဠာ
တွေးစလို့မရတဲ့ နေရာတစ်ခုအထိ အဆုံးစွ
န် ရှည်လျား ရှင်သန်နေပါတယ်။ ကျနော်
ပြောချင်တာက သေဆုံးခြင်းဟာ စက္ကန့်နဲ့မ
လတ် ခင်ဗျားနဲ့အတူ ရှိနေတာဖြစ်ပြီး ခင်ဗျား
ရယ်မောမယ် ရယ်မောနေရင်း အတွင်းက
ပျော်ရွှင်မှုဆိုင်ရာ အချက်အလက်တွေ ရုတ်
ချည်းဆိုသလို သေဆုံးပျောက်ကွယ်သွားပြီး
ဆက်လက်ရယ်မောခြင်းကို မေ့လျော့လို့ မ
ပြုံးနိုင် မပျော်နိုင်ပဲ ခံစားချက်ပျောက်ဆုံးနေ
တာသာ ဖြစ်တယ်။ ဒီအကြောင်းတွေ ခင်ဗျား
ကိုလာပြောပြနေခဲ့တာ အထူးအဆန်းဖြစ်
နေသလို ခံစားရလို့လား။ ကျနော်က သေခြင်
း ကိုလက်ခံနိုင်အောင်ပါ ။ ခင်ဗျားဟာ ဒီနေ
ရာ ဒီတံထားပေါ်က မိနစ်ပိုင်းအတွင်း ခုန်ချ
ပျောက်ဆုံးသွားတော့မှာ ။ အခု ခင်ဗျားဟာ
ဒဏ်ရာတွေကို ပွတ်သပ်ပြီး အချိန်ဖြုံးနေလို့
ခင်ဗျ ။ ခင်ဗျားကို ခေါ်မယ့် သဘောကောင်း
တဲ့ သေမင်းတစ်ယောက်အနေနဲ့ အနေအ
ထား တစ်ခုလွဲချော်မှားယွင်းတဲ့ အခါ ဖြစ်တည်မှုဆိုင်ရာ လွဲချော်ခြင်း ပြသနာတွေ
အစုံအဆန် ပေါ်ထွက်လာပြီး အားလုံးက
ပြောင်းကနင်း ဖြစ်ကုန်ပါလိမ့်မယ် "တဲ့

သေမင်းဟာ ကောင်လေးကို တံထားပေါ်က ခုန်ချခိုင်းနေတုံးမှာ ကောင်လေးက အလျင်​စလိုပြု မူ လိုက်တယ်။ တံထားလက်ရန်း
ပေါ်ထိုင်နေတဲ့ သေမင်းကို ရေထဲ အရှိန်နဲ့
တွန်းချ လိုက်တယ်။

သေမင်းက ငါပြန်တက်လာရင် တွေ့မယ်
ကောင်လေးတဲ့

ကောင်လေးဟာ သေမင်းရဲ့လက်စွဲတော်
ကိရိယာကို ချိုးပစ်လိုက်တယ်

လျပ်စစ်ပိုက်လိုင်းတွေကို ရေထဲပစ်ချတယ်

"ခင်ဗျားဟာ သေမယ့်ဖြစ်တည်မှု မျိုးတော့
မဟုတ်ဘူး  ပေါ့
ဒါပေမယ့် တစ်ပါးသူရဲ့နာကျင်မှုကို
ဝေဖန်ပိုင်းခြား ပြချင်သူ တစ်ယောက်အတွက်
အသေးစား နာကျင်မှုမျိုးတော့
အနည်းဆုံး ခံစားတတ်ရလိမ့်မယ် "တဲ့

ဒိုဒို
21.12.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား