Untitled

အလုံပိတ်ဖန်ပုလင်းတစ်ခုထဲ
လိပ်ပြာတစ်ကောင်ရဲ့တောင်ပံစောင်းတွေ
တမြေ့မြေ့ပဲ့ကြွေရတဲ့အဖြစ်ကိုကြည့်မိတဲ့အခါ
နင်တစစ်စစ်နာကျင်ကိုက်ခဲရတယ်မဟုတ်လား။
နက်ဖြန်မှာလည်းနင်နိုးထမိအုံးမှာပဲ
မင်းသားလေးကိုနှစ်သိမ့်မိလိမ့်အုံးမယ်။
ဘယ်တော့မှရောက်မလာတော့မယ့်
နှင်းဆီပွင့်လေးအကြောင်းလိမ်ညာပြီး
နှစ်သိမ့်ပေးနေမိအုံးမယ်မဟုတ်လား။
မင်းသားလေးကလည်း
သူ့နှင်းဆီလေးဟာ
ကမ္ဘာပေါ်မှာတစ်ပွင့်ထဲရှိတဲ့အကြောင်း
နင့်ကိုပြောလိမ့်အုံးမယ်။
နင်လည်းမျက်ရည်တွေနဲ့ပြုံးပြီး
နားထောင်မိအုံးမှာပဲ။
နင်အိမ်မက်မက်ဖြစ်မယ်
သွေးအလိမ်းလိမ်းနဲ့ဂမုန်းပင်တွေ
နင့်ဘေးနားမှာရှင်သန်ကြီးထွားနေတာ
နင်ကလည်းသွေးအိုင်ထဲမှာလဲ..။
နောက်တော့မှော်ဆရာမဖြစ်သွားမယ်။
တံမြက်​စည်းပျံနဲ့လျှောက်သွားမိအုံးမယ်။
နှင်းဆီလေးကိုလိုက်ရှာပေးမိအုံးမယ်။
ရှာတွေ့ပြန်တော့
ကြောက်အားလန့်အားထွက်ပြေးမိမယ်။
အိမ်မက်ကနင်ပြန်နိုးလာမယ်။
သွေးအလိမ်းလိမ်းနဲ့.ပဲ..။


ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား