Untitled


တစ်နေ့ညက ကြယ် ၇ပွင့်ကြွေတယ်။
ကြယ် ၇ပွင့်လုံးကို ကျွန်မ စားပစ်လိုက်ခဲ့တယ်
ပထမကတော့ ကျွန်မလည်း ကိုယ့်​ကိုယ်​ကို
စိတ် ကြီးဝင်ခဲ့တာပေါ့။
Gameတွေမှာဆို ကြယ်တစ်ပွင့်ဟာ အသက်တစ်သက်မဟုတ်လား။
ကြယ်တစ်ပွင့် စားမိတိုင်းမှာ
တစ်ထေရာတည်းတူတဲ့
ကျွန်မနောက်တစ်ယောက် ပေါ်ပေါက်လာ
လိမ့်မယ်မထင်မိဘူး။

ပထမတစ်ယောက်က စောင်ရမ်းပျော့ညံ့တယ်။
ကျွန်မကိုလည်း ကြည့်ပြီး ကြောက်လို့တဲ့
တရှုံ့ရှုံထိုင် ငိုနေလေရဲ့။
သူမဟာ စိတ်ထားကောင်း ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေချင်တာမျိုးပဲ။.
ကျွန်မအဲ့ဒီtypeကိုမကြိုက်ဘူး။ထူးဆန်းတာက
ကျွန်မသူ့ကို ရင်းနှီးနေခဲ့တယ်။

ဒုတိယတစ်ယောက်က ရိုဆန်တယ်ပြောရမယ်။
နှစ်လိုဖွယ် အပြုံးမျိုး
ပြုံးလို့ မီးပုံ့နားမှာ လှည့်ပတ်ကခုန်နေလေရဲ့။

တတိယတစ်ယောက်က ဘုရားတရားသမားပဲ
ကျွန်မကို တရားဟော တော့တာပဲ။
ချက်ချင်းပဲနှင်ထုတ်ပစ်လိုက်တယ်။

စတုတ္ထတစ်ယောက်ကpsychoသိပ်ဆန်တယ်။
သူ့ကျွန်မစိတ်ကို အချိန်တိုင်းနီးပါးလေ့လာနေတယ်။
သူ့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာပဲနေတယ်။
သူဘယ်သူ့ကိုမှ လည်းမယုံဘူး။
သူတစ်ယောက်ထဲပဲနေတယ်။တစ်ယောက်တည်းမနေပါနဲ့လို့ပြောလည်းလို့မရဘူး။
 နေသာတဲ့ တစ်မနက်မှာ ကျွန်မနားက
ပျောက်ကွယ်သွား ခဲတယ်။

ပဉ္စမ တစ်ယောက်က ပုံပြင်တွေထဲမှာနေတဲ့
ပုံမျိုးပဲချစ်ခြင်းမေတ္တာ အကြောင်းရေရွတ်
နေပေမယ့်လည်း
သူ့ချစ်ခြင်းက စင်ဒရဲလား ထဲကချစ်ခြင်းမျိုး
သူဝေးရဲ့ ငိုနေတဲ့ငါ့မှာ ထဲကချစ်ခြင်းမျိုး
အေရိယယ်ရဲ့ ချစ်ခြင်းမျိုး
တစ်ပြည်သူမရွှေထား ရဲ့ချစ်ခြင်းမျိုး။
မရနိုင်တဲ့ ကမ္ဘာမျိုးကို တောင့်တရင်း
တစ်နေ့နေ့လွမ်းဆွေးနေတာမျိုးလည်းပါတယ်။
ကျွန်မလည်း အဲ့ကြောင်တောင်တောင်နားကပြေးထွက်ခဲ့တယ်။

ဆဠမတစ်ယောက်က တော့ depression
သမားပဲ အားနေစိတ်ဓာတ်ကျလွန်းလို့
ကျွန်မအမြဲနှစ်သိမ့်ပေးနေခဲ့ရတယ်။
တစ်ခါတစ်ခါ စိတ်ဓာတ်ကျပြီဆို
သူဘာအလုပ်မှ မလုပ်နိုင်တော့ဘူး။
သူသွေးအားနည်းလာတယ်။
အစာအိမ်ရောဂါ ပြန်ထလာတာမျိုး။ သူအနားကလည်းထွက်ပြေးလာရတာပဲ။

သတ္တမတစ်ယောက်က ကျွန်မနဲ့ အများဆုံး
လိုက်လျောညီထွေ ရှိနိုင်သူပဲ သူကbipolarသမားတစ်ယောက်ပဲ။
ကျွန်မတို့နှစ်ယောက် ပျော်စရာသီချင်းမျိုးဆို.အတူတူပျော်လိုက်ကျ။ ဝမ်းနည်းစရာပုံပြင်တစ်ခုခု
ပြောမိတဲ့အခါမျိုးဆိုရင်တောင်
ကျွန်မတို့မှာ အပြိုပြိုအလဲလဲနဲ့။
ကျွန်မလေ သူနဲ့နေရတာ စိတ်လည်း
ညစ်ရသလို အရမ်းလည်းပျော်ရွှင်ခဲ့ပါတယ်။
ဘာမဟုတ်တဲ့ အရာလေးနဲ့ ပျော်ရွှင်ခဲ့ရသလို
ကိစ္စကြီးကြီးမားမားတွေကျဝမ်းမနည်းမိခဲ့ကြဘူး။
ဘယ်သူ့အတွက်မှထိခိုက်ခံစားစရာမဟုတ်တဲ့ ကိစ္စမျိုးဆို
ကျွန်မတို့မှာ အတူတကွထိခိုက်ခံစားကြရ။

 ပထမတစ်ယောက်ဟာ
ကားတိုက်ခံရလို့ အောက်ပိုင်းသေသွားတယ်။
သူ့ခြေထောက်တွေ လှုပ်ရှားလို့မရတော့ဘူး။ကျွန်မခြေထောက်တွေလည်းတူတူပဲ။
ရိုမန်တစ် ဆန်တဲ့ တစ်ယောက်က
ရိုမီယိုနဲ့ ဂျူးလီးယက် ဆန်ဆန်
အဆိပ်သောက်သေ မို့တဲ့။
ကျွန်မမနည်း လိုက်တားရတယ်။

အဲ့ အချိန်မှာစိတ်ကျသမားက
တိုက်ပေါ်ကအမြန်ခုန်ချ သွားတယ်။
သူ့လက်နာကျင်တဲ့ အခါ ကျွန်မလက်လည်း
နာကျင်ရတယ်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမြေကြီးပေါ်ရောက်သွားတဲ့ အခါ သူသေလုမြောပါးပဲ ကျွန်မလည်းသေလုမျောပါးခံစားရတယ်။
ကျွန်မရဲ့ ရှေ့မှာ နက်ရိုင်းကြီးမားတဲ့ အမှောင်ထု ကို မြင်နေရသလိုပဲ။

အဲ့ ဒီအချိန်မှာမှအိမ်မက်ကနေလန့်နိုးရတယ်။

ကျွန်မ အိမ်မက်မက်နေခဲ့တာပဲ။
ဘေးနားမှာလည်း ကြယ်ပုံစံ
appeton  ဆေးလုံးတွေ

ဟုတ်​တာ​ပေါ့ တစ်နေ့ည က
ကျွန်မ ကြယ်၇ ပွင့်စားခဲ့တယ်လေ။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား