Untitled

ငါလိုချင်တာ
TomကJerryကိုခုတ်တဲ့ဓားချက်မျိုး
ဇာတ်လိုက်ကျန်ကျောင်းခုတ်ခံရတဲ့ဓားချက်မျိုး

Jerryကပြောတယ်
သူ့သူငယ်ချင်းTomကိုစိတ်ချပါတယ်တဲ့
သူ့ကိုသေစေမှာမဟုတ်ဘူးတဲ့..။

သူငယ်ချင်းတစ်ယောက်လည်း
ဓားချက်လေးတွေလက်ဆောင်ပေးဖူးတယ်..။
ငါမရှောင်ပါဘူး ပြုံးပြုံးကြီးပဲ
ငါ့သူငယ်ချင်းက
ငါ့ကိုသေအောင်သတ်မှာမှမဟုတ်တာ.။

Tom နဲ့Jerryလိုတို့တွေဟာ
အပျော်တမ်းကစားနေကြတာပဲမဟုတ်လား..။

မီးအိမ်လေးနဲ့ဟိုဒီလျှောက်ပြေးကျတယ်။
သူမကလည်းကစားစရာငွေရောင်ဓားကိုဝှေ့ရမ်းလို့..။

ဓားချက်တွေပျံဝဲလာတယ်။
တစ်စက္ကန့်... နှစ်စက္ကန့်...

အမှောင်ထုရယ်... ကျောရိုးတွင်းကနာကျင်မှုရယ်
ဓားကလည်းအစစ်ကြီး.
ဓားကိုင်ထားတဲ့မျက်နှာပေါ်ကအမုန်းကလည်းအစစ်ကြီး

Moleculeတစ်ခုချင်းငါကွာကျသွားတယ်။
သူမဟာTomမဟုတ်ခဲ့ဘူး
ငါကလည်းJerryမဟုတ်ဘူးပဲ..။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား