Who wants to play with me
တစ်ည သူထွက်လာခဲ့တယ်
ခုရက်ပိုင်းတွေ သူ စိတ်ရှုပ်လို့နေတယ်
စိတ်ညစ်တိုင်း လည်း ခပ်မှောင်မှောင် ရှိတဲ့ ဒီနေရာလေးမှာ လာထိုင်ဖြစ်ခဲ့တာကြာပြီ။
"Who wants to play with me"
"Who wants to play with me"
"Who wants to play with me"
အသံက စက်ပစ္စည်း တစ်ခုကလာတယ်
coin dozer စက်တစ်ခု ထင်ရဲ့။
အပေါ်ဘက်မှာ
ခပ်ကြီးကြီး ကတော့ တစ်ခုပါတယ်။
အမဲရောင်ပုံးတစ်ခုရဲ့ဘေးမှာ
ငွေပမာဏာရေးထားတဲ့ အကွက်လေးတွေရှိတယ်။
သူ အကွက်လေးတွေ မှာ
လောလောဆယ် လိုအပ်သလောက်
ငွေပမာဏာကို ရိုက်ထည့်လိုက်တယ်။
အပြာရောင်ပန်းပွင့်ကို သူရွေးလိုက်တယ်။
"သင်လောင်းလိုပါသလား
လောင်းမှာ သေချာရင်
အစိမ်းရောင် အကွက်ကို နှိပ်ပါ
စည်းမျဉ်း စည်းကမ်းက
ရှုံးတဲ့အခါ ထိုက်သင့်တဲ့ အဖိုးအခ ပေးရမှာပါ"
"စက်ကအဆန်းကြီးပါလား"
သူပခုံးတွန့်လိုက်တယ်။စက်ပစ္စည်း တစ်ခုက
သူ့ဆီက ဘာများယူနိုင်မှာတဲ့လဲ။
"သဘောတူတယ်"
အစိမ်းရောင်အကွက်ကို နှိပ်ပြီးတဲ့နောက်
စက်ဆီ ကတဂျီးဂျီး အသံတွေကြားရတယ်
အောက်ဘက်အပေါက်ကနေ လေးလံတဲ့.
ပစ္စည်းတွေ ထွက်ကျလာတယ်လို့ ထင်
အသံကအတော် လေးကျယ်တယ်။
သူဖွင့်ကြည့်လိုက်တော့
မျက်လုံးတွေ ခြေသည်း လက်သည်းတွေ
အရေပြား အချပ်ပြားတွေ သွေးတွေနဲ့ ရော
နေတဲ့ အကျီင်္ ခပ်ပါးပါးတစ်ထည်။
အသံ တစ်ခု ကြားရပြန်တယ်။
"အဲ့ဒီဟာ တွေ ဆေးချ ပေးစမ်းပါဗျာ
အရက်သမားတစ်ယောက်ပေါ့ တစ်ညကမူးပြီး ကျွန်တော့် စက်ထဲရောက်နေလို့ပါ"
သူရေဆေး ချလိုက်ပြီး အစိမ်းရောင်ခလုတ်ကို ထပ်နှိပ်တယ်။
သူနိုင်သွားခဲ့ပြီ။
ငွေဒဂါင်္းတွေ ဂလောက် ဂလောက်မြည်လို့
စက်ထဲ ကခုန်ပေါက်ထွက်လာကြတယ်။
သူအိမ်ပြန်ခဲ့တယ်။သူသိပ်ပျော်နေပါတယ်။
သုံးလကြာတော့ သူ့မှာငွေမရှိတော့။
သူတောထဲ ဝင်ခဲ့ပြန်တယ်။
ဒီတစ်ခေါက်တော့ ငွေပမာဏာ ခပ်များများ
နှိပ်လိုက်တယ်။လိမ္မော်နီရောင် ပန်းပွင့်ဘက်
က သူလောင်းတယ်။
ဒလက်တွေ ရဲ့လည်သံကြားရ
ချလပ် ချလပ် ချလပ် အသံတွေ
ပြီးနောက်
သူရှုံးသွားခဲ့ပြီ။
ဒေါက်(အသံခပ်ကျယ်ကျယ် ကြားရတယ်)
စက်ထဲကစုပ်ယူတဲ့ လက်တံရှည်တွေ ထွက်လာကြပြီး
အရှိန်ပြင်းပြင်း အားကောင်းစွာနဲ့
သူ့ကို စုပ်ယူ ဝါး မြိုလိုက်တယ်။
ပတ်ဝန်းကျင်မှာအော်သံတွေဆူညံသွားတယ်။
စူးစူးဝါးဝါး အသံ
ကယ်ပါ ကယ်ပါ တစ်စာစာ အော်သံတွေ
၁၅မိနစ်ကျော်အကြာ မှာ
အရာရာဟာ တိတ်ဆိတ် နေသားတကျ ။
ပြီးတဲ့နောက်
မိုးကြီးလေကြီး တိုက်လို့ မိုးတွေပြင်းပြင်းထန်ထန်ရွာကျတယ်။
coin dozer စက်ကတော့
နဂိုအတိုင်းသစ်လွင်လို့
သွေးတစ်စတောင် မကျန်တော့။
စိတ်ညစ်နေတဲ့ ကောင်မလေးတစ်ယောက်
တောထဲ လာထိုင်တယ်။
သူမ အသံတစ်ခုကြားလိုက်ရတယ်။
"Who wants to play with me?"
ဒိုဒို
ခုရက်ပိုင်းတွေ သူ စိတ်ရှုပ်လို့နေတယ်
စိတ်ညစ်တိုင်း လည်း ခပ်မှောင်မှောင် ရှိတဲ့ ဒီနေရာလေးမှာ လာထိုင်ဖြစ်ခဲ့တာကြာပြီ။
"Who wants to play with me"
"Who wants to play with me"
"Who wants to play with me"
အသံက စက်ပစ္စည်း တစ်ခုကလာတယ်
coin dozer စက်တစ်ခု ထင်ရဲ့။
အပေါ်ဘက်မှာ
ခပ်ကြီးကြီး ကတော့ တစ်ခုပါတယ်။
အမဲရောင်ပုံးတစ်ခုရဲ့ဘေးမှာ
ငွေပမာဏာရေးထားတဲ့ အကွက်လေးတွေရှိတယ်။
သူ အကွက်လေးတွေ မှာ
လောလောဆယ် လိုအပ်သလောက်
ငွေပမာဏာကို ရိုက်ထည့်လိုက်တယ်။
အပြာရောင်ပန်းပွင့်ကို သူရွေးလိုက်တယ်။
"သင်လောင်းလိုပါသလား
လောင်းမှာ သေချာရင်
အစိမ်းရောင် အကွက်ကို နှိပ်ပါ
စည်းမျဉ်း စည်းကမ်းက
ရှုံးတဲ့အခါ ထိုက်သင့်တဲ့ အဖိုးအခ ပေးရမှာပါ"
"စက်ကအဆန်းကြီးပါလား"
သူပခုံးတွန့်လိုက်တယ်။စက်ပစ္စည်း တစ်ခုက
သူ့ဆီက ဘာများယူနိုင်မှာတဲ့လဲ။
"သဘောတူတယ်"
အစိမ်းရောင်အကွက်ကို နှိပ်ပြီးတဲ့နောက်
စက်ဆီ ကတဂျီးဂျီး အသံတွေကြားရတယ်
အောက်ဘက်အပေါက်ကနေ လေးလံတဲ့.
ပစ္စည်းတွေ ထွက်ကျလာတယ်လို့ ထင်
အသံကအတော် လေးကျယ်တယ်။
သူဖွင့်ကြည့်လိုက်တော့
မျက်လုံးတွေ ခြေသည်း လက်သည်းတွေ
အရေပြား အချပ်ပြားတွေ သွေးတွေနဲ့ ရော
နေတဲ့ အကျီင်္ ခပ်ပါးပါးတစ်ထည်။
အသံ တစ်ခု ကြားရပြန်တယ်။
"အဲ့ဒီဟာ တွေ ဆေးချ ပေးစမ်းပါဗျာ
အရက်သမားတစ်ယောက်ပေါ့ တစ်ညကမူးပြီး ကျွန်တော့် စက်ထဲရောက်နေလို့ပါ"
သူရေဆေး ချလိုက်ပြီး အစိမ်းရောင်ခလုတ်ကို ထပ်နှိပ်တယ်။
သူနိုင်သွားခဲ့ပြီ။
ငွေဒဂါင်္းတွေ ဂလောက် ဂလောက်မြည်လို့
စက်ထဲ ကခုန်ပေါက်ထွက်လာကြတယ်။
သူအိမ်ပြန်ခဲ့တယ်။သူသိပ်ပျော်နေပါတယ်။
သုံးလကြာတော့ သူ့မှာငွေမရှိတော့။
သူတောထဲ ဝင်ခဲ့ပြန်တယ်။
ဒီတစ်ခေါက်တော့ ငွေပမာဏာ ခပ်များများ
နှိပ်လိုက်တယ်။လိမ္မော်နီရောင် ပန်းပွင့်ဘက်
က သူလောင်းတယ်။
ဒလက်တွေ ရဲ့လည်သံကြားရ
ချလပ် ချလပ် ချလပ် အသံတွေ
ပြီးနောက်
သူရှုံးသွားခဲ့ပြီ။
ဒေါက်(အသံခပ်ကျယ်ကျယ် ကြားရတယ်)
စက်ထဲကစုပ်ယူတဲ့ လက်တံရှည်တွေ ထွက်လာကြပြီး
အရှိန်ပြင်းပြင်း အားကောင်းစွာနဲ့
သူ့ကို စုပ်ယူ ဝါး မြိုလိုက်တယ်။
ပတ်ဝန်းကျင်မှာအော်သံတွေဆူညံသွားတယ်။
စူးစူးဝါးဝါး အသံ
ကယ်ပါ ကယ်ပါ တစ်စာစာ အော်သံတွေ
၁၅မိနစ်ကျော်အကြာ မှာ
အရာရာဟာ တိတ်ဆိတ် နေသားတကျ ။
ပြီးတဲ့နောက်
မိုးကြီးလေကြီး တိုက်လို့ မိုးတွေပြင်းပြင်းထန်ထန်ရွာကျတယ်။
coin dozer စက်ကတော့
နဂိုအတိုင်းသစ်လွင်လို့
သွေးတစ်စတောင် မကျန်တော့။
စိတ်ညစ်နေတဲ့ ကောင်မလေးတစ်ယောက်
တောထဲ လာထိုင်တယ်။
သူမ အသံတစ်ခုကြားလိုက်ရတယ်။
"Who wants to play with me?"
ဒိုဒို
Comments
Post a Comment