Wonderland ရှာဖွေသူများ

Wonderland ရှာဖွေသူတွေဟာ နာရီနဲ့ ယုန်
တွေနောက် လိုက်ကျတယ်။တစ်ယောက်
ယောက်က ယုန်တွင်းတွေ့ရင် တွင်းထဲခုန်
ဆင်းလိုက်တာပဲ။စိတ်​ကူးယဉ်​ ကမ္ဘာ္ဘလိုအပ်သူတွေဟာယုန်တွင်းကိုတစ်ယောက်ချင်း စီပဲလာခဲ့ကြတာ။ အကြောင်းက စိတ်
ကူးယဉ် တယ်ဆိုတာ တစ်ယောက်ထဲ လုပ်ရ
တဲ့ အရာမို့လို့ပဲ။သူတို့ထင်သလိုပဲ ယုန်
တွင်းက တော်တော်လေး နက်တယ်။အပေါ်
ကို ပြန် တက်ဖို့ အတော်လေးခက်တယ်၊
ဒါပေမယ့် သူတို့ထင်သလို Wonderland ရှိမနေဘူးတဲ့။ အံ့သြစရာ တော့ရှိတယ်။
နေဝင်ချိန်ရောက်တာနဲ့ တွင်းနားက သစ်
ပင်ဘေးမှာ ရပ်ထားတဲ့ မောင်းသူမဲ့ ဘိလပ်
မြေကား ဟာ အသက်ဝင် ပြီး တွင်းထဲကို ဘိလပ်မြေတွေ..လောင်း.ထည့်.။

အဲ့ဒီ့ အချိန်တွေဆို

အသံတွေ ဆူညံ
နောက်တော့ တိတ်​ဆိတ်​ ခြောက်ကပ် သွား။

အင်္ဂတေအောက်မှာ စိတ်​ကူးယဉ်​ သူတွေ
ရဲ့ အလောင်းတွေ ရှိကြတယ်။သူတို့ဟာ
အလားတူ စိတ်ကူးယဉ် သူငယ်ချင်းတွေ
နှစ်နဲ့ ချီ စောင့်နေခဲ့ကြတယ်။ တစ်ခါတလေ
နှစ်နဲ့ ချီကြာတယ်။ တစ်ခါတလေ တော့လည်း
ရက်ပိုင်း လေးပဲ။စိတ်​ကူးယဉ်​ သမားတွေဟာ ဒီလိုပဲယုန်တွင်းစီတစ်ယောက်ချင်းပဲလာခဲ့ကြတယ်။

ရုပ်အလောင်းတွေ ဟာ အင်္ဂတေအောက် ပြည့်နှက်..။

မနက် ခင်းမှုန်ပြပြနေရောင် ခြည်အောက်မှာ
အခြား Wonderland ရှာသူ တစ်ယောက်
ရောက်လာတော့ ယုန်တွင်း တစ်ခုကိုပဲ
တွေ့ရတယ်တဲ့။

အဲ့ဒီ ပုံပြင် နားထောင်ဖူးသူ တစ်ယောက်ရှိ
တယ်။ ပုံပြင်အစအဆုံး ကိုသူသိ ပေမယ့်
ယုန်တွင်းဆီ လာခဲ့တယ်တဲ့။
သူ ယုန်တွင်းဆီ ခုန်ဆင်းလိုက်တယ်
မျိုးစုံသော ရယ်ရွယ်ချက် တွေနဲ့။

ဒိုဒို
15.6.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား